Summary
ဇာတ်လမ်းအစမှာတော့ ဖေကျိယန့်တစ်ယောက် ကားတိုက်ခံခဲ့ရပြီး ဝှီးချဲပေါ်မှာ သူ့ချစ်သူချင်ကျစ်ကိုထွက်မသွားဖို့ တောင်းဆိုနေခဲ့ပါတယ်။ ဒါပေမယ့် ချင်ကျစ်တစ်ယောက်ကတော့ ဒုက္ခိတတစ်ယောက်ကိုပြန်မချစ်နိုင်ဘူးလို့ပြောကာ ရက်ရက်စက်စက်ပဲ လမ်းခွဲသွားခဲ့ပါတယ်။ လမ်းပြန်လျှောက်နိုင်ဖို့ အခွင့်အရေးနည်းပေမယ့် မခံချင်စိတ်နဲ့ကြိုးစားခဲ့တဲ့ ဖေကျိယန့်တစ်ယောက် လမ်းပြန်လျှောက်နိုင်ခဲ့သလို ချင်ကျစ်ထွက်သွားတာကလည်း 5နှစ်ကြာသွားပါပြီ။ ဖေကျိယန့်တစ်ယောက် လက်ရှိမှာတော့ ချင်ကျစ်ရဲ့ အဖေတူအမေကွဲဖြစ်တဲ့ ချင်ဝမ်ကျိနဲ့စေ့စပ်ထားတာဖြစ်ပြီး နာမည်ကြီးဘဲလေးအကမယ်Rika တစ်ဖြစ်လည်း ချင်ကျစ်လည်းပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အတိတ်မှာ စွန့်ပစ်သွားခဲ့တဲ့ရည်းစားဟောင်းကိုတော့ ဖေကျိယန့်တစ်ယောက် တော်တော်လေးမုန်းတီးနေပေမယ့် နောက်ကွယ်ကအကြောင်းအရင်းကိုတော့ ခုထိသေချာမသိခဲ့သေးပါဘူး။ ချင်ကျစ်တစ်ယောက် ဖေကျိယန့်ကို စွန့်ပစ်ပြီး ထွက်ခွာသွားဖို့ ချင်ကျိဝမ်နဲ့ချင်ကျစ်ရဲ့အမေရင်းတို့ရဲ့ နောက်ကွယ်ကနေကြိုးကိုင်ခံခဲ့ရပြီး ချစ်ရဲ့နဲ့ဖေကျိယန့်ကို ပစ်သွားခဲ့ရတာဖြစ်ပါတယ်။ ချင်ကျစ်တစ်ယောက် လက်ရှိအချိန်မှာတော့ သူမရဲ့ကလဲ့စားကို ဒရာမာ, ရိုမန့်စ် တို့ပေါင်းပြီး ချိုချိုမြိန်မြိန်နဲ့ လက်စားချေနိုင်ပါ့မလား ပွတ်တိုက်မှုတော်တော်များများကိုလည်း အသားပေးရိုက်ကူးထားတဲ့ Short Drama ဖြစ်တာမို့ အထူးကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်ပဲဖြစ်ပါတယ်။