Summary
တစ်ချိန်က ပင်လယ်ရေသူမလေးတစ်ယောက်ဟာ လှိုင်းတံပိုးတွေကြားမှာ ရေနစ်နေတဲ့ လူသားတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။သူ့ရဲ့ နူးညံ့သောနှလုံးသားလေးက ထိုလူသားအား ကယ်တင်ဖို့ တွန်းအားပေးခဲ့တာကြောင့် ကယ်ဆယ်ခဲ့ပါတယ်။ အဲဒီကယ်ဆယ်မှုဟာ သူ့ရဲ့ဘဝတစ်ခုလုံးကို ပြောင်းလဲစေမယ့် အချစ်ဇာတ်လမ်းရဲ့အစပါ။ရေသူမလေးဟာ သူ့ကိုချစ်မိသွားတယ်။ထိုလူသားနဲ့ပဲအိမ်ထောင်ကျပြီး သားလေးတစ်ယောက်ကိုလည်း ရခဲ့တယ်။ ဒါပေမယ့်လူ့လောကရဲ့ ထုံးစံအတိုင်း သူ့ယောကျ်ားဟာ ဖောက်ပြန်သွားခဲ့တယ်။ပင်လယ်ရေသူမတွေဟာ ကုန်းမြေမှာ ၇ ရက်သာ နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ ကံကြမ္မာကို သူ သိထားပေမယ့်၊ ကိုယ့်အသက်ကိုတောင် ဂရုမစိုက်ဘဲ သားဖြစ်သူအတွက်သာ ရည်စူးပြီး နောက်ဆုံးအချိန်တိုင်အောင် စောင့်ရှောက်သွားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကို ဒီဇာတ်လမ်းမှာ ခံစားရမှာပါ။ တစ်ဖက်မှာလည်း ခင်ပွန်းဖြစ်သူဟာ တာဝန်တစ်ခုကြောင့် အခြားအမျိုးသမီးတစ်ယောက်ကို ဟန်ဆောင်လက်ထပ်ခဲ့ရပေမယ့် ချန်ချန်ဟာ သူ့ကိုအထင်လွဲခဲ့ရတယ်။မိခင်တစ်ယောက်ရဲ့ မေတ္တာ၊ စွန့်လွှတ်အနစ်နာခံမှု၊ အထင်လွဲမှုတွေကြားက အချစ်စစ်တို့ကို ရင်ခုန်စရာကောင်းအောင် ပုံဖော်ရိုက်ကူးနိုင်တဲ့ ဒီ Short Drama ဟာ ကြည့်ရှုသူတိုင်းရဲ့ နှလုံးသားကို ထိမိစေမှာပဲ ဖြစ်ပါတယ်။