Summary
MC တစ်ယောက် သိုင်းဇာတ်လမ်းတစ်ပုဒ်ဖတ်ရာကနေ သိုင်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့ပါတယ်။ရောက်သွားတဲ့ သိုင်းကမ္ဘာမှာကတော့ သူက ကျင့်စဉ်ကျင့်ကြံဖို့အရည်အချင်းမရှိတဲ့အပြင် သိုင်းဇာတ်လမ်းရဲ့ဗီလိန်ဖြစ်လာမဲ့ လုရင်ဆိုတဲ့ဇာတ်ကောင်ကိုယ်ထဲ ရောက်သွားခဲ့တာပါ။ ဗီလိန်ဘဝနဲ့တော့ အဆုံးမသတ်ချင်တဲ့အကြောင်း တစ်ယောက်တည်းပြောနေစဉ်မှာ သူ့ကံကြမ္မာကိုပြောင်းပေးနိုင်မဲ့ စနစ်တစ်ခုလည်းပေါ်လာခဲ့ပါတယ်။ လုရင်တစ်ယောက် ကံကောင်းချင်တော့ လျှို့ဝှက်ချက်အကြီးကြီး တစ်ခုဖုံးကွယ်ထားတဲ့ သူ့ဆရာရဲ့ ရေချိုးခန်းထဲကိုမှ ရောက်နေခဲ့တာပါ။ သူ့ဆရာသခင်ဖြစ်တဲ့ လင်ချင်ရွယ်ကတော့ ယောကျာ်းလေးအဖြစ်ဟန်ဆောင်ထားတာဖြစ်ပြီး လုရင်တစ်ယောက် သူ့ဆရာက မိန်းကလေးဆိုတာကို စတင်သိရှိလိုက်ရပါတယ်။ သိသိချင်းပဲ ထွက်ပြေးပေမယ့် ကိုင်ထားတဲ့တံမြက်စည်းလွတ်ကျခဲ့တာမို့ လင်ချင်ရွယ်လည်း ပက်ပင်းဖမ်းမိခဲ့ပါတယ်။ ရေချိုးတုန်းက ဘေးထွက်ဆိုးကျိုးကြောင့် ခန္ဓာကိုယ်တွေပူပြီး လုရင်နဲ့မှ တစ်ညတာပွတ်တိုက်မှုတွေဖြစ်ကုန်ပါတော့တယ်။ လုရင်တစ်ယောက်မနက်နိုးလာချိန်မှာတော့ ကျင့်ကြံဖို့ပါရမီမပါတဲ့လူတစ်ယောက်က ပွတ်တိုက်မှုလေးဖြစ်ရုံနဲ့ ကျင့်စဉ်ဆင့် ၉ ဆင့်လောက်ထိတက်သွားတာမို့ အံ့အားသင့်နေရာက လင်ချင်ရွယ်လည်းသတ်မယ်လုပ်နေလို့ လျှို့ဝှက်ချက်နဲ့ပြန်ခြိမ်းခြောက်ခဲ့ရပါတယ်။ လင်ချင်ရွယ်မိန်းကလေးဆိုတာကို လုရင်တစ်ယောက်တည်း သိနေတာမဟုတ်ပါဘူး။ သိုင်းဝတ္ထုရဲ့ ဇာတ်လိုက်ဖြစ်တဲ့စုချန်ဆိုတဲ့ ဇာတ်ကောင်ကလည်း သိနေပါသေးတယ်။ အဓိက ဇာတ်လိုက်ဆိုတဲ့အတိုင်း ကျောက်ခဲကိုင်ရင်တောင် အဖိုးတန်ရတနာအဖြစ်ပြောင်းလဲနိုင်တဲ့ စုချန်ကို လုရင်တစ်ယောက် စနစ်နဲ့အတူ ကျော်လွှားနိုင်ပါ့မလား ဆိုတာ သိုင်းအဆင့်တွေ, အက်ရှင်, ဒရာမာ ရိုမန်တစ်ဆန်ဆန်အပြင် ပွတ်တိုက်မှုတစ်ချို့ပါပါတာမို့ အထူးကြည့်သင့်တဲ့ Short Drama လေးပဲဖြစ်ပါတယ်။